0 item

Dogs : Beagles လေးတွေအကြောင်း

Odoo - Sample 1 for three columns


Odoo - Sample 1 for three columns


Odoo - Sample 1 for three columns


ချစ်တဲ့ Customer တွေထဲမှာ Beagle လေးတွေကိုမှသဲသဲလှုပ်ချစ်ပါတယ်ဆိုတဲ့သူလက်ညှိုးထောင်☝️☝️
ဒီနေ့ သူတို့လေးတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာ အကြောင်းလေးတွေရေးပေးဖို့ရှာဖွေစုဆောင်းထားပါတယ်...

✍️🐾🧡ချစ်စရာကောင်းသလောက် ရုပ်တည်လေးနဲ့ နေတတ်ပြီး နားရွက်ဖားဖားကောင်လေးတွေကို ကိုမြင်ဖူးကြမှာပါ 👉🐶

အဲ့ဒါကတော့ Beagleခွေးလေးတွေပါပဲ... ဒါဆိုသူတို့လေးတွေရဲ့ အကြောင်းလေးတွေကိုဖတ်ကြည့်ရအောင်နော်❣️🐶

Beagle ခွေးလေးတွေက တကယ့် ဂန္ဓဝင်ခွေးလေးတွေ ဖြစ်ကြပါတယ်🏜️
ဟိုးရှေးပဝေသဏီကတည်းက  ရှိနှင့်ခဲ့ကြပြီး ရှေးဟောင်းဂရိခေတ်တွေအထိ သူတို့က မီခဲ့ကြပါတယ်😍
ဒါကြောင့် သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က နှစ်ပေါင်းထောင်နဲ့ချီ ကြာနေပြီလို့ ဆိုရင်လည်း မမှားပါဘူး☺️

အင်္ဂလန်ဘုရင် ဝီလီယမ်က Beagle နဲ့ ဆင်တူတဲ့ တားဘော့ဟောင်းခွေးလေးတွေကို အင်္ဂလန်မြေပေါ် စတင် ခေါ်ဆောင်လာခဲ့ပါတယ်တဲ့ 🤷‍♀️
အဲဒီကမှ တဆင့် Beagle လေးတွေ ဆင်းသက်လာခဲ့ကြတယ်လို့ ဆိုပါတယ်💯🐾
ဒါကြောင့် Beagle လို့ လက်ရှိခေါ်နေကြတဲ့ ခွေးလေးတွေ မပေါက်ဖွားခင်ကတည်းက သူတို့ရဲ့ မျိုးရိုးဗီဇတွေက အရှေ့အလယ်ပိုင်းနဲ့ ဥရောပတလွှားမှာ ပျံ့နှံ့ပြီးသား ဖြစ်နေပါပြီ🏕️🐶

သူတို့ရဲ့ ဇာစ်မြစ်ကို သေသေချာချာ လိုက်ပြီး ရှာဖွေခြေရာခံကြည့်ရင် အင်္ဂလန်ထီးရိပ်နန်းရိပ်နဲ့လည်း မကင်းလှပါဘူး 🤔အလယ်ခေတ်တုန်းက ပထမမြောက်

အဲလိဇဘက် ဘုရင်မကြီးဆီမှာ ပေါ့ကက် ဘီဂယ်လို့ ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိခဲ့တာကို အထင်အရှား တွေ့နိုင်ပါတယ်🤩
ဒါကြောင့် ဘီဂယ်ခွေးလေးတွေက ဂန္ဓဝင်မြောက်ပြီး နန်းဆန်တဲ့ ခွေးလေးတွေလို့တောင် တင်စားရပါတော့မယ်😉🥰😇

Beagle ခွေးလေးတွေက အစာစားတဲ့အခါဂျေးမများတတ်ဘဲ ချစ်စရာကောင်းလွန်းပါတယ်💛

အသားလေးတွေကိုချက်ပြုတ်ကျွေးရင်တော့ပိုပြီးကြိုက်နှစ်သက်ကြတဲ့အပြင် မတည့်တဲ့အစာထူးထူးခြားခြားမရှိတာကြောင့် လုံလုံလောက်လောက် ဝအောင်ကျွေးဖို့သာလိုအပ်ပါတယ်😋 ........ ........ဘီဂယ်ခွေးလေးတွေ က ခင်ခင်မင်မင် နေတတ်ပြီး စိတ်ရှည်လက်ရှည်သာ သင်ပေးနိုင်ရင် ဘာမဆို သင်ယူနိုင်ကြပါတယ်🤓📖

တခြားခွေးလေးတွေနည်းတူ ဘီဂယ်ခွေးလေးတွေက (၁၀) နှစ်ကနေ (၁၃) နှစ်အထိ နေထိုင်နိုင်ကြပါတယ်😍


ဒါလေးတွေကတော့ မင်မင်စုဆောင်းထားတဲ့ အချက်လေးတွေပါ ချစ်တဲ့ customer တို့လည်း တခြားသိတဲ့ Beagle လေးတွေအကြောင်းရှိသေးရင်ပြောပြခဲ့ပါဦးနော် 😍😇 အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေရှင့်..... 😘



Crd #LaikaSpace ( Photo sources: Google)

#PuppyParadiseMyanmar
#YourPetDeservesTheBest
☎️ 09444448446
🏠 No(1/A) , Kabaraye Pagoda Road, YankinTownship,Yangon.

You can compare max 4 products.